"မောင်လိုလူ ဒုနဲ့ဒေး"
တစ်ခါတလေ သိတာကကောင်းတယ်။ တစ်ခါတလေ မသိတာကကောင်းတယ်။
တစ်ခါလေ မသိတာက မကောင်းသလို။ သိတာလည်းမကောင်းဘူး။ "မမြင်ဘူး မူးမြစ်ထင်" ဆိုတဲ့ စကားက မမြင်မသိသေးတဲ့သူတွေအတွက်စကားေ
ကိုသိန်းမြင့် ဆိုတဲ့ ရွာသားပညာတတ် ရေနံ့သာကျောင်းဆရာ( သူတို့ကအဖေတို့နဲ့ အသက်ရွယ်တူနည်းပါး သူတို့ခေတ်မှာ သူတို့က ဘွဲ့ရပညာတတ် တစ်ရွာလုံးမှာ ၃ယောက် ၄ ယောက်လောက်ရှိတာ) ကရွာလာတော့ မေးတာက
သိန်း-းးးး "အရှင်ဘုရားက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တက်ချင်တာဆို"
အရှင်-းးးး ဟုတ်တယ် အစ်ကို
သိန်း-းးးး အရှင်ဘုရား မှီပါ့မလားနော် လိုက်နိုင်ပါ့မလား၊ သီတဂူက လူတော်တွေချည်းဘဲလက်ခံတာနော်
အရှင်-းးးး ဦးဇင်းကတော်လို့တက်ချင်တာမဟုတ်
သီတဂူက သံဃာတွေဘယ်လောက်တော်တယ်ဆိုတာ မသိခဲ့တာခပ်ကောင်းကောင်း၊ ကိုယ့်ကိုယ်ကို မမြင်ဖူး မူးမြစ်ထင်ပြီး ထင်တလုံးနဲ့ စုံမှိတ်ဝင်လျှောက်လိုက်တာ အကြောင်းတိုက်ဆိုင်တော့ သီတဂူကအဆောင်နေခွင့်ကျောင်းသား
သီတဂူသံဃာတွေတော်တယ်ဆိုတာလက်ခြံ
အိန္ဒိယကပြန်လာတော့ ဘုန်းကြီးဦးကုမာရကခိုင်းတာနဲ့ မိလိန္ဒပဥှာ စာအုပ်ဝိုင်းလုပ်ကြပါတယ်။
အဲဒီအထဲ ဦးသူရိယ၊ ဦးနာဂ ၊ ဦးဣန္ဒက တို့နဲ့တစ်ခြားသံဃာတွေလည်းပါတယ်
နောက်အဖွဲ့နဲ့စာလုပ်ကြတော့ ဦးနာဂက ပါလိတော်တွေမြင်လိုက်တာ သူ့တာဝန်ကျတဲ့အပိုင်းကို ပါလိတော်ကဘာ၊ မြန်မာပြန်ကဘာ၊ အင်္ဂလိပ်အခုရှိနေတာကဘာ စသဖြင့်ပြောတာကို အကဲခတ်လေ့လာနေမိတယ်။ မြန်မာပြန်တောင်သူသိပ်မကိုင်ဘူး
အပြင်သံဃာတွေလည်းတော်ကြတယ်
တကယ်ပြောမယ် ကိုယ့်ဘက်ကိုဂုဏ်တင်တာမဟုတ်သလို တစ်ဘက်ကိုလည်း နှိမ့်ချတာမဟုတ်ပါဘူး။ ပြောဦးမယ် စိတ်မဆိုးကြနဲ့----
နိုင်ငံခြားသွား ပညာသင်တယ်ဆိုတာ သီတဂူကမှသွားနိုင်ကြတာ ၊ သီတဂူကမှတတ်နိုင်ကြတာလို့ထင်ထား
။ အိန္ဒိယရောက်တော့ သံဃာ သုံးလေးရာရှိနေတယ်ဆိုတာသိရ။ တစ်ခြားသံဃာတွေအကြောင်းကိုမသိဘူ
အဲဒီမှာ ကိုယ့်ထက်စာအားဖြင့်လည်းသာတဲ့သူ
အဲဒီအခါကျမှ မိမိရဲ့ ပင်မအမထောက်အပံ့ ဒကာမကြီး အစ်မကြီးဒေါ်ခင်ဆွေဝင်း ရဲ့ အဖေ ဒကာကြီးဦးလှဘော်ပြောခဲ့တဲ့ မောင်လိုလူ ဒုနဲ့ဒေးက ကွင်းကွင်းကွက်ကွက်ပေါ်လာတော့တယ် ဗျာ----
ရှေးရှေးတုန်းက မုဆိုးကြီးတစ်ဦးရှိတယ်တဲ့။ သူ့မှာလည်းလိမ္မာနဲ့ ဇနီး အိမ်ရှင်မတစ်ယောကလည်းရှိသတဲ့ကွ ယ်။
မုဆိုးကြီးက သူ့ဇနီးကို တောထဲသွားခါနီးမှာ မှာသတဲ့- ရှင်မ
မင်းငါနဲ့တောထဲလိုက်စရာမလိုဘူး။ အိမ်မှာဘဲနေခဲ့။ မောင်ကြီးက
ရှင်မရေရှင်မလို့ခေါ်ပြီး မောင်ကြီးပြန်လာတဲ့အခါကျ
ရှင်မကရေမိုးချိုးသနပ်ခါးလိမ်ြး ပီး အိမ်ပေါက်ဝကနေ "မောင်လိုလူ ဇမ္ဗူမှာ မရှိ" လို့ပြောပြီးတော့ကြိုလို့မှာခဲ့ သတဲ့။ "မောင်လိုလူ ဇမ္ဗူမှာမရှိ” နော်ရှင်မလို့ သေချာပြောတတ်အောင်ကျင့်ထားလို့ မှာပြီး တောထဲ သားကောင်ပစ်သွားသတဲ့။
ညနေမုဆိုးကြီးတောလိုက်ရာကနေ သားကောင်ကိုပခုံးထမ်းပိုးပြီြး ပန်လာတော့ အိမ်ပေါက်ဝနားရောက်တဲ့ အခါ မုဆိုးကြီးက "ရှင်မရေ ရှင်မ" လို့ခေါ်လိုက်တော့
အိမ်ရှင်မကအပြုံးလေးနဲ့ထွက်လြာ ပီး "မောင်လိုလူ ဇမ္ဗူမှာ မရှိ"
လို့ပြောပြီးဆီးကြိုသတဲ့။ အဲဒီအခါ မုဆိုးကြီးက "အဟိ" လို့ရယ်ပြီး
ပခုံးပေါ်ကသားကောင်ကို မိန်းမရှေ့ချပေးလိုက်သတဲ့။အဲဒီ မုဆိုးကြီးကို အိမ်ရှင်မက မောင်လိုလူ ဇမ္ဗူမှာမရှိ ဆိုတဲ့ အပြောတွေနဲ့နေ့တိုင်းကြိုဆိုပေး ရသတဲ့။ မုဆိုးကြီးကလည်း သူလောက်တော်တဲ့မုဆိုး ဒီဇမ္ဗူမှာ မရှိဘူးလို့ထင်တာကိုး။ မမြင်ဖူး မူးမြစ်ထင်တဲ့အထဲသူလည်းပါမှာပါ ဘဲ။
တနေ့တော့ တောထဲသစ်ပင်အောက်မှာ သူလိုမုဆိုးတစ်ယောက်နဲ့တွေ့ပါ သတဲ့။ မုဆိုးဆိုတာတောဘုရင်။ တောတစ်ခုထဲ တောဘုရင်နှစ်ယောက်ဖြစ်နေတာမကော င်းဘူး။ လက်တည့်စမ်းပြီး ဘယ်သူကပိုတော်တယ်ဆိုတာဆုံးဖြတ် ရမယ်။
ဒီတော့ ပထမမုဆိုးကြီးက ကျုပ်အစွမ်းပြမယ် ခင်ဗျားကြည့်ဆိုပြီး
အဝေးမှာပျံနေတဲ့ငှက်ကို ပစ်ချပြီး ငှက်ကိုကောက်လာသတဲ့။ အဲဒီအခါ ဒုတိယ
မုဆိုးအသစ်က ခေါင်းပေါ်မှာလျှပ်တစ်ပျက်ပျံေ နတဲ့ငှက်ကို
လျှပ်တစ်ပစ်ချလိုက်တာ သွားကောက်စရာမလိုဘဲ သူ့ဘေးတန်းကျလာသတဲ့။ အဲဒီအခါကျမှ
ပထမမုဆို မာန်တွေလျှော့သွားပြီး ခင်ဗျားကကျုပ်ထက်တော်ပါတယ်ဆြို ပီးအိမ်ပြန်သွားသတဲ့။
အိမ်အပြန်မှာ ပြန်ချိန်လည်းမဟုတ် သားကောင်လည်းမပါတာကို ကြည့်ပြီး အိမ်ရှင်မကအံ့သြနေပေမယ့် အခါတိုင်းနှုတ်ဆက်နေကြအတိုင်း "မောင်လိုလူ" လို့ပြောံခါရှိသေး။ မုဆိုးကြီးကတားပြီး စကားအသစ်တစ်ခွန်းပြောလိုက်သတဲ့။ "ရှင်မရေ မောင်လိုလူ ဇမ္ဗူမရှိလို့ထင်ခဲ့မိလို့ မင်းကိုသင်ခဲ့မိတာ။ ဒီနေ့တော့ ငါ့ထက်သာတဲ့သူနဲ့တွေ့ခဲ့ပြီ။
"မောင်လိုလူ ဒုနဲ့ဒေး ဟေ့ ရှင်မရေ၊ မောင်လိုလူ ဒုနဲ့ဒေး" တဲ့။ အခုတော့ သီတဂူမှာရော အိန္ဒိယမှာရော အပြင်မှာပါ မောင်လိုလူ ဒုနဲ့ဒေးပါဗျာ။
"ငါနှင့် ငါသာ နှိုင်းစရာဟု
ငါသာ ငါထက် မာန်မတက်နဲ့၊
အထက်နေမင်း လေးကျွန်းချဉ်းလည်း
မလင်းတိမ်တိုက် တစ်ကျွန်မိုက်၏
နှိုင်းလိုက်သည်သာ ဤ အရာကို
ပညာရှိက သတိရလိမ့်"
မောင်လိုလူ ဒုနဲ့ဒေး
ရှေးရှေးတုန်းက မုဆိုးကြီးတစ်ဦးရှိတယ်တဲ့။ သူ့မှာလည်းလိမ္မာနဲ့ ဇနီး အိမ်ရှင်မတစ်ယောကလည်းရှိသတဲ့ကွ
ညနေမုဆိုးကြီးတောလိုက်ရာကနေ သားကောင်ကိုပခုံးထမ်းပိုးပြီြး
အိမ်ရှင်မကအပြုံးလေးနဲ့ထွက်လြာ
တနေ့တော့ တောထဲသစ်ပင်အောက်မှာ သူလိုမုဆိုးတစ်ယောက်နဲ့တွေ့ပါ
အိမ်အပြန်မှာ ပြန်ချိန်လည်းမဟုတ် သားကောင်လည်းမပါတာကို ကြည့်ပြီး အိမ်ရှင်မကအံ့သြနေပေမယ့် အခါတိုင်းနှုတ်ဆက်နေကြအတိုင်း "မောင်လိုလူ" လို့ပြောံခါရှိသေး။ မုဆိုးကြီးကတားပြီး စကားအသစ်တစ်ခွန်းပြောလိုက်သတဲ့။ "ရှင်မရေ မောင်လိုလူ ဇမ္ဗူမရှိလို့ထင်ခဲ့မိလို့ မင်းကိုသင်ခဲ့မိတာ။ ဒီနေ့တော့ ငါ့ထက်သာတဲ့သူနဲ့တွေ့ခဲ့ပြီ။
"မောင်လိုလူ ဒုနဲ့ဒေး ဟေ့ ရှင်မရေ၊ မောင်လိုလူ ဒုနဲ့ဒေး" တဲ့။ အခုတော့ သီတဂူမှာရော အိန္ဒိယမှာရော အပြင်မှာပါ မောင်လိုလူ ဒုနဲ့ဒေးပါဗျာ။
"ငါနှင့် ငါသာ နှိုင်းစရာဟု
ငါသာ ငါထက် မာန်မတက်နဲ့၊
အထက်နေမင်း လေးကျွန်းချဉ်းလည်း
မလင်းတိမ်တိုက် တစ်ကျွန်မိုက်၏
နှိုင်းလိုက်သည်သာ ဤ အရာကို
ပညာရှိက သတိရလိမ့်"
သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)