Tuesday 29 September 2015
ဗိုလ်ချုပ်အောင်ဆန်း၏ အထူးစွမ်းရည်
ဗိုလ်ချုပ်အောင်ဆန်း၏ အထူးစွမ်းရည်
ဗိုလ်ချုပ်အောင်ဆန်း၏ အထူးစွမ်းရည်မှာ မည်သည့်နိုင်ငံခြား၏ ၀ါဒကမျှ ဆွဲဆောင်မရခြင်းနှင့် ထိုဝါဒများကို အတုမခိုးခြင်းတည်း။ (စစ်ကိုင်းဦးဘိုးသင်း နှာ-၄၇၇ )
လေ့လာမှတ်သားသူ
သီတဂူအရှင်ဥာဏ၀ရ (ဓမ္မကထိက)
ဘ၀ဒဿ နများ
ရိုးသားသူတို့သည် အမှန်ပြောတတ်ကြလေသည်။
သီတဂူအရှင်ဥာဏ၀ရ ( ဓမ္မကထိက )
စာပေထဲမှ အသိများ
စာပေထဲမှ အသိများ
နာမည်ကျော်တိုင်းလည်း လူတော်မဟုတ်တတ်။
လူတော်တိုင်းလည်း နာမည်မကျော်တတ်။
လူတော်တိုင်းလည်း နေရာမရတတ်။
နေရာရတိုင်းလည်း လူတော်မဟုတ်တတ်။
ဇာတ်လမ်းတစ်ခု ဇာတ်ထုပ်တစ်ပုဒ်ကို အစအဆုံးလေ့လာမှတ်သားကြည့်သောအခါ ထိုထိုဇာတ်လမ်းတို့၌ ဘယ်သူသည် ဇာတ်လိုက်၊ လူကောင်း၊ လူဆိုး၊ အဖြည့်ခံ၊ အနှိမ်ခံ ဆိုတာ သိလာလေသည်။ ထိုသို့ ကိုယ်ပိုင်သိပြီးဆုံးဖြတ်နိုင်ရန် ကိုယ်ပိုင်လေ့လာဘို့သာလိုသည်။ ထိုအခါ မိမိတို့သည် မိမိတို့ ပတ်ဝန်းကျင်လောကအတွက် တစ်စုံတစ်ခုက ပြန်လည်မျှဝေနိုင်ပါလိမ့်မည်။
မှတ်ချက်- ဒေါက်တာသန်းထွန်း နှင့် စစ်ကိုင်းဦးဘိုးသင်း ဌင်းတို့၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိတို့ကိုဖတ်ပြီးရရှိလာသော အသိဖြစ်ပါသည်။
လေ့လာမှတ်သားသူ
ဇေယတု သဗ္ဗမင်္ဂလံ
သီတဂူအရှင်ဥာဏ၀ရ (ဓမ္မကထိက)...
မှတ်မှတ်သားသား သူတို့ စကား
မှတ်မှတ်သားသား သူတို့ စကား
မည်သည့်ခေတ်တွင်မဆို ရှားပင်၊  ကျွန်းပင် တို့ထက် လက်ပံပင်သည် လှမြဲဖြစ်သည်။ ( စစ်ကိုင်းဦးဘိုးသင်း )
(စစ်ကိုင်းဦးဘိုးသင်း အတ္ထုပ္ပတ္တိ နှာ-၄၅၂)
လေ့လာမှတ်သားသူ
သီတဂူအရှင်ဥာဏ၀ရ (ဓမ္မကထိက)
Monday 28 September 2015
သီတဂူအရှင်ဥာဏ၀ရ (ဓမ္မကထိက ) ဟောကြားခဲ့ပြီးသောတရားဒေသနာများ...
သီတဂူ အရှင်ဥာဏ၀ရ (ဓမ္မကထိက) ဟောကြားခဲ့ပြီးသောတရားဒေသနာများ...
ကာမဂုဏ်တရားသတိထား (မုံရွာ-အင်းရွာ)
မြတ်ဗုဒ္ဓအကြောင်းတစေ့တစောင်း (မုံရွာ-အင်းရွာ)
ခရီးသွားဧည့်သည် (လွိုင်ကော်၊ စစ်ကိုင်း (သီတဂူ)၊ ကျောက်ဆည်နယ်)
ဘ၀ပင်လယ်ရေစီးကြောင်းပေါ်ဝယ် (လွိုင်ကော်)
မင်းလည်း သုဘဒ္ဒါ မဟုတ်သလို ပ-ဒု ( လွိုင်ကော်၊ လားရှိုး)
ကိုးဆယ်ဆသာလိမ့်မယ် (စစ်ကိုင်း သီတဂူ)
သိကြားမင်းဗေဒင် (စစ်ကိုင်း သီတဂူ)
လူ့တန်ဖိုး (မန္တလေး၊ မုံရွာ၊ လားရှိုး၊ ပုလဲနယ်-ချဉ်ပြစ်၊ ဟုမ္မလင်းနယ်၊ ပြည်  )
ဓမ္မတန်ဖိုး (ကနီ-အိုင်တောင်၊ ရေဦးနယ်၊ မန္တလေး၊ ဟုမ္မလင်းနယ်၊ မြစ်ကြီးနား၊ ပုလဲနယ်-ချဉ်ပြစ်၊ သန်လျင်၊ စစ်ကိုင်း )
ဗုဒ္ဓဂုဏ်ရည်၊ (ကနီ-အိုင်တော်င်၊ ပုလဲ၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ မြစ်ကြီးနား၊ မန္တလေး၊ ၃၅လမ်းနဲ့ မြရည်နန္ဒာ၊ လားရှိုး၊)
မသိ မသာ (လားရှိုး)
စစ်ကားတစ်ခွန်း၊ (ဗန်းမော်-သပြေကုန်း၊ ၀မ်းတွင်း၊ ဟုမ္မလင်း)
နိဗ္ဗာန်စံအိမ် (၀မ်းတွင်း၊ ကနီ၊ စစ်ကိုင်း)
အရိပ်တန်ဖိုး၊ (ကန့်ဘလူနယ်၊ ကနီ၊ ကာဘိုး)
သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်ပွင့် ( ရေးဦးနယ်၊ ရွှေဘိုနယ်၊ မြစ်ကြီးနား)
သူ့ကျွန် မဖြစ်စေနဲ့ (ရေဦးနယ်၊ ရွာဗုကြီး )
သိကြားမင်း ရွှေးကောက်ပွဲ ( ရေဦးနယ်၊ စစ်ကိုင်း )
အက္ခဏသုတ် (လွိုင်ကောင်၊ ရေဦးနယ်၊ မန္တလေး)
သိင်္ဂါလောဝဒါသုတ် (မန္တလေး၊မြရည်နန္ဒာ)
ရွှေတရား ပ-ဒု (ပုလဲ၊ဟုမ္မလင်း၊ရေဦး-ဆီဆုံ၊ မုံတိုင်ပင်၊ ပျော်ဖွယ်၊ ကနီ၊ )
တာဝန်ကျေသောလူ (ဟုမ္မလင်း၊ လားရှိုး၊ ဧရာဝတီ-ကဒုံကနိ )
ရှင်ဘုရင် မဖြစ်ချင်သူ ( မိတ္ထီလာ-ညောင်ကုန်း၊ ဧရာဝတီ-ကဒုံကနိ)
တိုင်းပြည်က နုနု မုန်တိုင်းကထန်ထန်ဝယ် (မုံရွာ၊ ကနီ၊ အမရပူရ-ရွှေကြက်ယက်၊ မြင်းမူ)
ဇောတိကတို့ အလှူ  (ဟုမ္မလင်း၊ ရေဦး-တူမောင်း)
ဘ၀နေနည်း အတတ်ပညာ (၀ိပဿ     နာတရား အစဦးတရား)၊  (ရေဦး-ဆီဆုံ၊ ကနီ)
မှတ်မိသမျှပြည်လည် မှတ်တမ်းပြုသည်
ဇေယတု သဗ္ဗမင်္ဂလံ
သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)၊
ဓမ္မကထိက
အတွေးစက်များ
အတွေးစက်များ
တော်ချင်ရင် စာဖတ်။
ကောင်းချင်ရင် ပြုပြင်။
အောင်မြင်ချင်ရင် ကြိုးစား။
ငြိမ်းချမ်းချင်ရင် တရားနဲ့နေ။
ဇေယတု သဗ္ဗမင်္ဂလံ
သီတဂူအရှင်ဥာဏ၀ရ (ဓမ္မကထိက)၊  သဗ္ဗမင်္ဂလာ...
စစ်ကိုင်းဦးဘိုးသင်း ခံယူချက်
စစ်ကိုင်းဦးဘိုးသင်း ခံယူချက်
သူတစ်ပါးလုပ်ချင်ရာလုပ်၊ သူ့သဘောနှင့်သဘော။ ကျနော် အကော်းကိုသာလျှင် ရှာချင်လျှင် ရှာမည်၊ အပြစ်ကို မရှာ။ သူတစ်ပါး အပေါ်မှာ အပြစ်ကို ရှာသူမှာ ကိုယ့်အပေါ်၌ အပြစ် ဒလပုံကြီးရှိသည်ဟု နားလည်ပါသည်။ (စစ်ကိုင်းဦးဘိုးသင်း  နှာ -၃၃၈)
လေ့လာမှတ်သားသူ
သီတဂူအရှင်ဥာဏ၀ရ (ဓမ္မကထိက)၊ သဗ္ဗမင်္ဂလာ.
ရဟန်းကိုမြင်လိုသော်
"မင်းတို့ ရဟန်းကိုမြင်လိုသော် ပွဲ၊ ဓာတ်ရှင်၊ ဘောလုံးပွဲ စသည်မှာမကြည့်နှင့်၊
စာတက်ရာ၊ စာပြန်ရာ၊ ဆွမ်းခံရာမှကြည့်" (ဆရာနွဲ့  ဦးဘိုးသင်း ၏ဆရာ)
စစ်ကိုင်းဦးဘိုးသင်း အတ္ထုပ္ပတ္တိ (နှာ-၂၇၈-၉)
လေ့လာမှတ်သားသူ
သီတဂူ အရှင်ဥာဏ၀ရ
စစ်ကိုင်း ဦးဘိုးသင်း အတ္ထုပတ္တိမှ
စစ်ကိုင်း ဦးဘိုးသင်း အတ္ထုပတ္တိမှ
စာရေးတာဟာ ကုသိုလည်းကြီးတယ်။ ငရဲလည်း အင်မတန်ကြီးတယ်။
(စစ်ကိုင်းဦးဘိုးသင်း အတ္ထုပ္ပတ္တိ နှာ-၃၂၃)
လေ့လာမှတ်သားသူ
သီတဂူအရှင်ဥာဏ၀ရ
Saturday 26 September 2015
Mahāsi Sayadaw and His Meditation Method
Mahāsi Sayadaw and His Meditation Method
Mahāsī Sayadaw was one of the rare great outstanding leaders for both pariyatti (literature), and paṭipatti (meditation), after emerging Ledi Sayadaw. Mahāsī Sayadaw was a very great scholar as well as meditaion like Ledi Sayadaw. Mahāsī Sayadaw’s life was very huge like Ledi Sayadaw’s life: the literature, meditation, missionary for both in Myanmar and parts of the world. Mahāsī Sayadaw wrote 76 books for the scholars and meditators. One of his meditation books title named “A Practical Way of Vipassanā (Insight Meditation) Volume I and II were very famous in the meditation of Myanmar and part of the world. It was written and arranged for the general and basic level and academic level with full of references. In this book page number 9,  Sayadaw (Mahāsī Sayadaw, later it will be denoted as Sayadaw as a short form) mentioned that “ Don’t be discouraged, or disheartened even if you cannot as yet achieve the goal to your satisfaction by practicing meditation on different guidelines. You just to practice systematically under the methodical guidance of your spiritual teacher for seven days or fifteen days as prescribed in this Text of Dhamma. You will definitely and clearly find yourself equipped with the Special Knowledge of the Dhamma to your entire satisfaction. You will then be able to decide with your own wisdom and with complete awareness that this Buddha’s Dhamma is fully endowed with the noble attributes as has been stated”.[1] In this book, Sayadaw mentioned method of Vipassanā meditation completely. It was real researched book. Especially, it was for Pāli Scholar. We think that it was too wide for the general and basic level person. It was like a forest, very interested things in there. Morever, Jack Kornfield also wrote the meditation method of Mahāsī Sayadaw in his “Living Buddhist Masters”. Jack Kornfield studied the meditation method of Mahāsi.  His study based on the practical way. Therefore, it was good for practical meditators. It was very helpful for the meditators and scholars as well.  But it has to promote for scholar level with Piṭaka references. Actually it is like a house, which has good enough to stay. This research work attends to study about the Mahāsī Sayadaw and his literature and his missionary activities. It will like a house with garden with very interesting and has good enough to stay. Honest, if we have to say, we will attend to study not too wide and small and for both scholar levels and general levels. Mainly, We have to based on above mentioned two books other books of Mahāsi Sayadaw, other author’s books and original Pāli Tipiṭa Mahāsatipaṭṭhāna sutta etc. 
Ahinnyanavara
 Ph.D (Thesis)
[1] Mahāsī Sayadaw, “A Practical Way of Vipassanā (Insight Meditation) Volume I ” Translated by U Min Swe (Min Kyaw Thu), Edited by Ven. Dr. Sīlānandābhivaṃsa and Ven. Dr. Nandamālābhivaṃsa ( Rector of I.T.B.M.U ), Buddha Sāsana Nuggaha Organization Yangon, Myanmar, B.E-2555, M.E. 1373, C.E-2011 P: 9
Friday 25 September 2015
သဗ္ဗမင်္ဂလာ: တမ်းတစိတ်
သဗ္ဗမင်္ဂလာ: တမ်းတစိတ်: တမ်းတစိတ် သီအိုရီထဲက သမိုင်းတွေထက်၊ သမိုင်းထဲက သီအိုရီတွေကို ပိုမြတ်နိုးတယ်။ သီတဂူအရှင်ဥာဏ၀ရ
တမ်းတစိတ်
တမ်းတစိတ်
သီအိုရီထဲက သမိုင်းတွေထက်၊ သမိုင်းထဲက သီအိုရီတွေကို ပိုမြတ်နိုးတယ်။
သီတဂူအရှင်ဥာဏ၀ရ
Thursday 24 September 2015
သဗ္ဗမင်္ဂလာ: မြန်မာနိုင်ငံ ၀ိပဿ နာ တိုးတက်လာမှု သမိုင်းအကျဥ...
သဗ္ဗမင်္ဂလာ: မြန်မာနိုင်ငံ ၀ိပဿ နာ တိုးတက်လာမှု သမိုင်းအကျဥ...: မြန်မာနိုင်ငံ ၀ိပဿ      နာ တိုးတက်လာမှု သမိုင်းအကျဉ်း မြန်မာ့ ကုန်းဘောင်ခေတ်နှောင်း (မင်းတုန်း၊ သီပေါ) နဲ့  ကိုလိုနီခေတ်ဦးကာလကိုတော့ မြ...
Wednesday 23 September 2015
မြန်မာနိုင်ငံ ၀ိပဿ နာ တိုးတက်လာမှု သမိုင်းအကျဉ်း
မြန်မာနိုင်ငံ ၀ိပဿ      နာ တိုးတက်လာမှု သမိုင်းအကျဉ်း
မြန်မာ့ ကုန်းဘောင်ခေတ်နှောင်း (မင်းတုန်း၊ သီပေါ) နဲ့  ကိုလိုနီခေတ်ဦးကာလကိုတော့ မြန်မာနိုင်ငံ ၀ိပဿ     နာ လူထုအကြားသို့ စတင်ရောက်ရှိပျံ့နှံ့လာသော ခေတ်ဟု သုံးသပ်ပြီး လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှ အယ္ခုခေတ်ကာလအထိကိုတော့ ၀ိပဿ     နာတရား တိုးတက်ပြန့်ပြောသောခေတ်၊ ရေပန်းစားလာသောခေတ်ဟု သုံးသပ်ပါသည်။ ( သီတဂူအရှင်ဥာဏ၀ရ )
အောက်ဖော်ပြပါ အကြောင်းအရာများဖြင့် မိမိစကားရပ်တို့ကို ခုံလုံစေပါသည်။
မြန်မာနိုင်ငံ သာသနာဝင်နှင့် ရာဇ၀င်ကိုကြည့်ပါလျှင် လွန်ခဲ့သော အနှစ်တစ်ထောင်၏ ဤမှာဘက်တွင် ဤယနေ့ခေတ်ကဲ့သို့ ပဋိပတ်သာသာ (၀ိပဿ     နာ) ထွန်းကားသည်ကို မတွေ့ရချေ။ ပဋိပတ် အဆက်အနွယ် မပြတ်မလပ်ရုံမျှာသာရှိခဲ့သည်။ ခေတ်အဆက်ဆက် ပရိယတ္တိဘက်၌သာ အားသန်၍ စာပေ၌သာ လမ်းဆုံးခဲ့ကြသည်။ (ဦးဌေးလှိုင်၊ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ နှာ-၁၉)
Robinson/ Jonson/ Tanissaro, တို့ရဲ့  “Buddhist Religions” A Historical Introduction အလိုအရဆို ၀ိပဿ      နာသည် မင်းတုန်းမင်း လက်ထက်ကျမှ လူပုဂ္ဂိုလ်တို့ အသိုင်းဝိုင်းထဲသို့ စတင်ပျံ့ပွားလာခဲ့သည်တင်ပြထားပြီး၊
 George D. Chryssidesကလည်း သူ့ရဲ့
Transcultural migration and new religious movement: a case study of Vipassana”, 2009, P.6 မှာ 
လယ်တီဝိပဿ      နာတရားစခန်းသွား အားထုတ်စဉ်တုန်းက သိခဲ့ရတဲ့ လယ်တီ ကမ္မဌာနာစရိယ ဆရာတော်တစ်ပါးဆီက ဆိုရိုးစကားလေးကလည်း၊ ၀ိပဿ       နာ အစ ၊ လယ်တီကတဲ့။ မိမိလက်လှမ်းမှီသမျှ လယ်တီဆရာတော်ဘုရားရဲ့ အင်္ဂလိပ် မြန်မာဆိုင်ရာစာပေတွေဖတ်ကြည့်တဲ့အခါမှာလည်းဘဲ။ မင်းတုန်းမင်းကြီးက သူ့ခေတ်မှာ တောရဆောက်တည်တဲ့ဆရာတော်တွေကို နန်းတော်ပင့်ပြီး နန်းတွင်းသူ နန်းတွင်းသားတွေကို တရားပြစေခဲ့တယ်လို့ တွေ့ရပါတယ်။ နောက်ပြီး ယောအတွင်းဝန်ဦးဘိုးလှိုင်ဆို ၀ိပဿ      နာနဲ့ ပတ်သက်တဲ့ ကျမ်းတွေအထိရေးခဲ့တယ်လို့ လေ့လာမှတ်သားရတယ်။ လယ်တီဆရာတော့်ခေတ်မှာ လယ်တီဆရာတော့် စာပေတွေနဲ့ တရားတွေပြန့်နေပြီ။ မိုးညှင်းဆရာတော်တို့၊ အနာဂါမ်ဆရာသက်တို့ စတဲ့ ၀ိပဿ       နာတရားနည်းပြဆရာတွေလည်း ပေါ်နေပြီ။ဒီအကြောင်းအရာတွေကို ထောက်သောအားဖြင့် မြန်မာနိုင်ငံဝိပဿ      နာ တိုးတက်ပြောင်းလွဲမှုသမိုင်းသည် မင်းတုန်းမင်းခေတ်၊ လယ်တီဆရာတော်တို့ ခေတ်က စတင်ထွန်းကားပြန့်ပွားလာခဲ့တယ်လို့ မှတ်ယူထိုက်ပါတယ်။ (ဒါကတော့ မိမိလေ့လာမှုအပိုင်းပါ)
 ဓမ္မာစရိယဦးဌေးလှိုင် တင်ပြမှုကို ဆက်စပ်အောင်တင်ပြရလျှင်
    ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပဋိပတ္တိသာသနာကား မပြတ်မလပ် ဟိုတစ်ကွက် သည်တစ်ကွက် ထုံးအိုင်၊ အင်းအိုင်များသဖွယ်ရှိခဲ့သည်၊ စီးဆင်းနိုင်အောင် အင်အားမပြည့်ခဲ့။
ကုန်းဘောင်ခေတ်နှောင်း...
ထွဋ်ခေါင်ဆရာတော် (၁၁၆၀-၁၂၄၂)
ဘုန်းတော်ကြီး ဦးသီလ (၁၁၉၄-၁၂၆၉)
ခေတ်တွင်ကား ချောင်းမြောင်းသဖွယ် အနယ်နယ် အရပ်ရပ်စီးဆင်းလာ၏။ အတန်ငယ် ထူထပ်မြင့်မားသော တောအုပ်၊  တောင်ငယ်များကိုမူ ကျော်လွှားဖြတ်သန်းနိုင်သော အင်အားမရှိသေး။
လယ်တီဆရာတော် (၁၂၀၈-၁၂၈၅)
သေက္ချတောင်ဆရာတော် (၁၂၃၃-၁၂၉၃)
မိုးညှင်းဆရာတော် (၁၂၃၄-၁၃၂၆) တို့ လက်ထက်တွင် ပဋိပတ္တိ ရေစီးကြောင်းသည် သိသိသာသာ အားကောင်းလာကာ ချောင်းမြောင်းအသွင်မှ မြစ်ငယ်များအသွင် စီးဆင်းလာခဲ့၏။ ရေစီးအားထက် ရေစီးသံ နိုင်ငံအ၀န်း ရိုတ်ခတ်သွားခဲ့သည်။
အစိုးရ၏ အားပေးမှု
၁၃၀၉-ခု၊ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်ကား ရေလှိုင်းစား မြင့်မားတိုးတက်ကာ ဧရာဝတီ စသောမြစ်ကြီးများသဖွယ် အသွယ်သွယ်သော မြစ်ကြောင်းကြီးများ အားကောင်းချင်တိုင်းကောင်း၍လာပေတော့သည်။
သထုံဇေတ၀န်ဆရာတော် ( ၁၂၃၁-၁၃၁၆)
စွန်းလွန်းဆရာတော် (၁၂၃၉-၁၃၁၄)
ကန္နီဆရာတော် (၁၂၄၁- ၁၃၂၈)
ဝေဘူဆရာတော် (၁၂၅၇-၁၃၃၉)
မိုးကုတ်ဆရာတော် (၁၂၆၁-၁၃၂၄)
မဟာစည်ဆရာတော် (၁၂၆၆-၁၃၃၄) စသော ပဋိပတ္တိဝန်ဆောင် ဆရာတော်ကြီးများသည် သာသနာ (၂၅၀၀) လွတ်လပ်ရေးကာလတွင် သာသနာ့ကျက်သရေကို တိုးမြှင့်စေတော်မူခဲ့ကြသည်။
ထိုတွင် ဝေဘူဆရာတော်၊ မိုးကုတ်ဆရာတော်နှင့် မဟာစည်ဆရာတော်တို့၏ အရှိန်အ၀ါများသည် အလွမ်းမိုးဆုံးဖြစ်ကုန်၏။ (မှတ်ချက်၊ ကျိုက်ထီးရိုးသွားလမ်း ကသစ်ဝိုင်ရိပ်သာဘေးက သွားတဲ့အခါ ၊ မိမိရဲ့ ရွာဆရာတော်မိန့်တာကတော့ ကသစ်ဝိုင်ဆရာတော်ကလည်း သူ့ခေတ် သူ့အခါ သူ့နယ်ပယ်မှာ နာမည်ကြီးဆရာတော်ပဲ။ သူ့ဒေသမှာ အားကြီးတဲ့ မိုးကုတ်တို့ မဟာစည်တို့တောင် တိုးမရဘူးတဲ့) 
၁၃၁၃-ခုနှစ်မှစ၍ နိုင်ငံတော် အစိုးရကိုယ်တိုင် ပဋိပတ္တိသာသနာအား သီးခြားအားပေးချီးမြှောက်ခဲ့သည်။ နှစ်စဉ် ငွေတစ်သိန်းခွဲ အနည်းဆုံးလျာထားခဲ့၏။ သာသာနာရေးဝန်ကြီး လက်အောက်ရှိ ဗုဒ္ဓသာအဖွဲ့ ပဋိပတ္တိသာသနာပြုဌာနတွင် တစ်နိုင်ငံလုံးရှိ ကမ္မဌာန်းဌာနပေါင်း ၃၃၆ ဌာနရှိသည်။(ရဟန္တာနှင့် ပုဂ္ဂိုလ်ထူး နှာ ၂၁-၂၃)
( ယခုအခါ အမေရိက နှင့် ဥရောပတို့၌ 'မြန်မာပြည်ပြန်' နိုင်ငံခြားသားတို့မှတစ်ဆင့် ကိုယ်တွေ့ဝိပဿ      နာကျမ်းများ၊ ရုပ်မြင်သံကြားသတင်းများကြောင့် မြန်မာနိုင်ငံနှင့် ဗုဒ္ဓ၀ါဒကို များစွာ အာရုံစိုတ်လာကြသည်၊ လယ်တီဆရာတော် ဆရာသက်ကြီးတို့၏ ကျေးဇူးကြောင့် ကွန်လွန်သူ ဆရာကြီး ဦးဘခင် (အင်းလျားမြိုင် ပဋိပတ္တိဌာန) ၏ တပည့်ကြီးများဖြစ်ကြသော မန္တလေးသား မာရ၀ါရီလူမျိုး သူဌေးကြီး ဦးဂိုအင်ကာက စီးပွားရေးလုပ်ငန်းများကို လျစ်လျူပြု၍ အိန္ဒိယပြည်အနှံ့ တရားဌာနများ ဖွင့်လှစ်ပြသခဲ့ရာ ၁၉၇၄-ခုနှစ်ဦးကပင် ယောဂီပေါင်း နှစ်သောင်းကျော်လေပြီ။ အမေရိကန် အမျိုးသား မစ္စတာရောဘတ်ဟိုးဗားသည် အမေရိကန်နှင့် ကနေဒါနိုင်ငံ၌ ယောဂီပေါင်း ၁၀၀၀ ကျော်ကို တရားပေးခဲ့၏။ သူကား တိုက်ချင်းပစ်ဒုံးပျံနှင့် အာကာသယာဉ် တည်ဆောက်ရေးကို အစပြုသူ သုတေသန ပါရဂူတစ်ဦးဖြစ်သည်။ အင်္ဂလိပ်လူမျိုး မစ္စတာကိုးလ်မင်းကလည် အင်္ဂလန်၌ တရားပြလျှက်ရှိသည့်အပြင် ထိုသုံးဦးစုပေါင်း၍လည် အိန္ဒိယ၊ အမေရိကနှင့် ဥရောပနိုင်ငံများတွင် ယာယီနှင့် အမြဲတမ်း ကမ္မဌာန်းဌာနများ တည်ထောင်ကာ ပဋိပတ္တိသာသာကို ဆက်လက်ဖြန့်ချီနေကြသည်ဟုကြားသိရပေရာ တစ်ခေတ်ဆန်းလာဦးမယ့် ပဋိပတ္တိသာသာ၏ အနာဂတ် အတိုင်းအတာခန်မျှောနိုင်ကြပေသည်။ အထက်ပါစာအုပ် နှာ၂၂မှ အတွင်းသား စာပိုဒ်ကို ခွဲ၍တင်ပြလိုက်သည်။  )
မှန်၏။ ယနေ့ဆိုလျှင် အနေ့ကလေ့လာစုံစမ်းရသမျှအတိုင်းအတာအထိ 
မဟာစည် ပြည်တွင်းပြည်ပ ရိပ်သာခွဲပေါင်း ၇၀၀ ခုနှစ်ရောကျော်ရှိပြီးဖြစ်နေပြီး မဟာစည်ဌာနချုပ်၌ပင် ၁၉၉၉ ခုနှစ်အထိ စာရင်း အရယောဂီဦးရေ တစ်သန်းသုံးသိန်းကျော်နေပြီးဖြစ်ပါသည်။ တစ်ခြားတစ်ခြားသော ကြီးကျယ်ထင်ရှာသော
မိုးကုတ်၊ဖားအောက် စွန်းလွန်း၊ စသောတရားဌာနများနှင့် ဌင်းဌာနတို့၏ယောဂီများလည်း အမြောက်အများရှိနေဦးမှာပင်ဖြစ်သည်။ ဂဏန်းပမာဏ အတိအကျကတော့ ဆက်လက်လေ့လာရန်ရှိပါသေးသည်။
ဇေယတု သဗ္ဗမင်္ဂလံ
လေ့လာတင်ပြသူ
သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)၊ ဓမ္မကထိက
Ph.D (Thesis) Gautam Buddha University, UP
India
သဗ္ဗမင်္ဂလာ: မဟာစည်၏ ကောင်းခြင်း
သဗ္ဗမင်္ဂလာ: မဟာစည်၏ ကောင်းခြင်း: မဟာစည်၏ ကောင်းခြင်း မဟာစည်ဆရာတော်ဘုရားဟောကြားတော်မူသော သမ္မာပရိဗ္ဗာဇနီယသုတ် တရားတော် နောက်ဆက်တွဲမှာ တရားဆွေးနွေးပွဲ မှတ်တမ်းပါတယ်။ စာပေပညာ...
မဟာစည်၏ ကောင်းခြင်း
မဟာစည်၏ ကောင်းခြင်း
မဟာစည်ဆရာတော်ဘုရားဟောကြားတော်မူသော သမ္မာပရိဗ္ဗာဇနီယသုတ် တရားတော် နောက်ဆက်တွဲမှာ တရားဆွေးနွေးပွဲ မှတ်တမ်းပါတယ်။ စာပေပညာလည်းတတ် မိမိကိုယ်တိုင်လည်း အားထုတ်ပြီး ဆရာအဖြစ်နဲ့ အလုပ်လုပ်နေကြတဲ့ မဟာစည် ကမ္မဌာန်းနည်းပြ ဆရာတော် ဆရာတော်များကနေ သူတို့ရဲ့ တရားနည်ပြလုပ်ငန်းစဉ်တွေမှာ ထူးခြားတဲ့ ဖြစ်စဉ်တွေနဲ့ သံသယရှိတာတွေကို ပညာရှင်ဆရာအချင်းချင်းဆွေးနွေးတင်ပြကြတယ်။ အဲဒါကို မဟာစည်ဆရာတော်ဘုရားက ပြန်လည် ဆုံးဖြတ်ပေးတယ်။ ပြုပြင်လမ်းညွန်ပေးတယ်။ ကျမ်းဂန်ပိဋကတ် နဲ့ ညှိပြတယ်။ သိကောင်းတဲ့ အစီအစဉ်တရပ်ပါဘဲ။ ( မဟာစည်ရိပ်သာတို့၌ ယခုလုပ်သေးသလားတော့ မသိရသေး။) ဒါသည် မဟာစည်ဆရာတော်နဲ့ မဟာစည်ရိပ်သာ၏ ကောင်းခြင်းတစ်ခုဟု လေ့လာသုံးသပ်မိပါသည်။
ဇေယတု သဗ္ဗမင်္ဂလံ
လေ့လာသူ
သီတဂူအရှင်ဥာဏ၀ရ ( သဗ္ဗမင်္ဂလာ )၊
ဓမ္မကထိက၊ Ph.D (Thesis), လုပ်စဉ် အမှတ်တရ။
ခေတ္တ-  ဂေါတမ်ဗုဒ္ဓတက္ကသိုလ်၊ အိန္ဒိယ
23-09-2015
13: 21 pm.
သဗ္ဗမင်္ဂလာ: မိလိန္ဒပဥှာ အဆုံးအမ
သဗ္ဗမင်္ဂလာ: မိလိန္ဒပဥှာ အဆုံးအမ: မိလိန္ဒပဥှာ အဆုံးအမ ယေ ကေစိ သြသဓာ လောကေ၊ ၀ိဇ္ဇန္တိ ၀ိဝိဓာ ဗဟူ။ ဓမ္မေသဓသမံ နတ္ထိ၊ ဧတံ ပိဝထ ဘိက္ခဝေါ။ လောက၌ အမျိုးမျိုး အစားစား များစွာကုန်သော...
မိလိန္ဒပဥှာ အဆုံးအမ
မိလိန္ဒပဥှာ အဆုံးအမ
ယေ ကေစိ သြသဓာ လောကေ၊ ၀ိဇ္ဇန္တိ ၀ိဝိဓာ ဗဟူ။
ဓမ္မေသဓသမံ နတ္ထိ၊ ဧတံ ပိဝထ ဘိက္ခဝေါ။
လောက၌ အမျိုးမျိုး အစားစား များစွာကုန်သော၊ အလုံးစုံသော ဆေးတို့သည် ရှိကုန်၏။ ထိုလောကမှာ ရှိကြသောဆေးတို့တွင်၊ တရားတော်မြတ်ဆေးအလား ထူးခြားထက်မြက်သော ဆေးမည်သည် မရှိ။
ရဟန်းတို့ အကော်းဆုံးဖြစ်သော ဤတရားဆေးကို သောက်ကြ၊ သုံးဆောင်မှီဝဲကြကုန်လော့။
ဇေယတု သဗ္ဗမင်္ဂလံ
သီတဂူအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)၊ 
ဓမ္မကထိက
Tuesday 22 September 2015
ဆိုကရေးတီး ပြောတဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက် (ပြန်လည်မျှဝေယုံသက်သက်သာ)
ဆိုကရေးတီး ပြောတဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်
သိပြီး သူများလည်း သိပြီးမှာပါ။ မသိသေး သူများကို ထပ်မံ မျှဝေလို ပါတယ်။ လူငယ် တစ်ယောက်ဟာ ဆို
ကရေဆီးကို တွေ့တော့ အောင်မြင်မှုရဲ့ လျှို့ဝှက် ချက် ဟာ ဘာလဲ ဆိုတာ သိချင်ကြောင်း မေးပါတယ်။
ဒါနဲ့ ဆိုကရေတီး ဟာ နောက်တစ်နေ့ မနက် မြစ်ဆိပ်မှာ တွေ့ရအောင်လို့ ချိန်းလိုက် ပါတယ်။
မြစ်ဆိပ်မှာ တွေ့တော့ ဆိုကရေတီးဟာ လူငယ်ကို ရေထဲခေါ် သွား ပါတယ်။ ရေက လည်ပင်း အထိ ရောက်
ချိန် မှာတော့ ဆိုကရေတီးဟာ လူငယ် ခေါင်းကို ရေထဲ နှစ်ချ လိုက် ပါတယ်။ လူငယ်က ရုန်းဖို့ ကြိုးစား ပေ
မယ့် အားပိုသန်တဲ့ ဆိုကရေးတီး လက်ကြောင့် မရုန်းနိုင် ပါဘူး။ ပင်ပန်းလောက်ပြီ၊ မရုန်းနိုင်တော့လောက်
ဘူး ဆိုမှ ရေပေါ် ခေါင်းပြန်ထောင် ပေးလိုက်ပါတယ်။ ပြီးတော့ ကမ်းပေါ် ပြန်ခေါ် တက်ပြီးတော့ လူငယ်ကို
ရေနှစ်နေချိန်မှာ ဘာလိုအပ် လဲ လို့ မေးပါတယ်။ ဒါနဲ့ လူငယ်က အသက်ရှူဖို့ လေ လိုအပ်တယ် လို့ ဖြေ ပါ
တယ်။ ဒါနဲ့ ဆိုကရေတီးက 'အေး မင်း ရေနှစ်နေ တုန်း လေကို အငမ်း မရ လိုအပ်နေ သလိုပဲ အောင်မြင်မှု
ဆိုတာကို လိုအပ်လာရင် အောင်မြင်မှု အတွက် လျှို့ဝှက်ချက် ဆိုတာ မရှိတော့ဘူး'
သင်ခန်းစာ
ဟုတ်ပါတယ်။ လူတိုင်းဟာ အောင်မြင်မှုကို လိုလားကြ ပေမယ့် ပြင်းပြတဲ့ စိတ်ဆန္ဒ (Strong Desire or
Will Power) ပါရှိမှု ကျတော့ နည်းပါ တယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒ ဆိုတာ နေ့ရော ညာပါ အောင်မြင်မှု ရရှိ
ရမယ်လို့ စိတ်ထဲမှာ ကိန်းအောင်း ရေရွတ် နေပြီး ကြိုးစား နေသူဟာ တစ်နေ့မဟုတ် တစ်နေ့ ရပါတယ်။
ယင်း စိတ်ကလည်း လူကို အမျိုးမျိုး ထိန်းကျောင်း ပြုပြင်ပေး သွားပါတယ်။ လိုရာပန်းတိုင်ကို သယ်ဆောင် သွားပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒဟာ ခဏတာ မဟုတ်ပဲ အချိန် အတော် ကြာကြာ အောင်မြင်မှု ရရှိဖို့
သွားရောက်တဲ့ ပန်းတိုင် အထိ ရှည်လျားဖို့လဲ လို အပ် ပါတယ်။ ကောက်ရိုးမီး ပမာ ခဏတာ တောက်
လောင် ရုံနဲ့လည်း မလုံ လောက် ပါဘူး။
ယင်းဟာ အောင်မြင်မှုရဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက် ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
By ရိုးရာလေး